မွေးရက်။ ၁၊ အောက်တိုဘာ၊ ၁၉၅၁
ကွယ်လွန်ရက်။ ၁၇၊ စက်တင်ဘာ၊ ၂၀၂၂ (ည ၁၁း၁၅ မိနစ်)
ဈာပနအစီအစဥ်ပြုလုပ်မည့်ရက်။ ၂၆၊ စက်တင်ဘာ၊ ၂၀၂၂ (နံနက် ၁၀ မှ မွန်းလွှဲ ၁ နာရီ)
နေရာ။ Highland Park Cemetery & Mausoleum, 2403 E Wallen Rd. Fort Wayne, IN 46825
သာယာဝတီမြို့နယ်၊ ဥတိုရွာနေ အဖ (ဦးထွန်းစိန်) နှင့် အမိ (ဒေါ်အဲနီ)တို့၏သား၊ (ဦးဖိုးချို)၏ ညီ၊ ဒေါ်ခင်ထွေး၏အစ်ကို၊ ဒေါ်စဖော၏ချစ်လှစွာသောခင်ပွန်း၊ ဦးရှမွေအေလ (ကြွက်နီ)နှင့် ဦးလာဒိုထူး (ကြွက်ဖြူ) တို့၏မွေးသဖခင်၊ တာအယ့်၊ ခရစ်ဖရန်စစ်လား၊ စတီဗင်လား၊ လားဒီဇင်ဘာဖော၊ အေမီ ဂရေးစ်ထူး၊ ခလိုမြထူး၊ လဲမီအက်စ်ထရိုထူး၊ (မြေး ၅ ဦး နှင့် မြေးမ ၂ ဦး) တို့၏ အဘိုးသည် Parkview Hospital (Old), Fort Wayne မြို့၌ စက်တင်ဘာ ၁၇၊ ၂၀၂၂ ဒေသစံတော်ချိန် ည ၁၁း၁၅ မိနစ်ခန့်တွင် ခရစ်တော်၌အိပ်ပျော်သွားခဲ့ပါသည်။
ဦးသောင်းရွှေ (ငယ်နာမည်-ဖိုးတု)သည် ကုန်သည်ဘဝ၊ ဆေးမှူးတာဝန်ဖြင့် တော်လှန်ရေး ဘဝ (၇ နှစ်ခန့်)နှင့် သာမန်အသင်းသားအမှုတော်ဆောင်ဘဝ (၂၀ နှစ်)အသီးသီးတို့ဖြင့်ဘဝကိုဖြတ်သန်း ခဲ့ပါသည်။ ထို့နောက် နို့ဖိုးဒုက္ခသည်စခန်းမှအမေရိကသို့ဇူလိုင်လ၂၀၀၉တွင်မိသားစုနှင့်အတူပြောင်းရွေ့ ခဲ့ပါသည်။ အမှုတော်ကို ဆရာအောကော်၏ဦးဆောင်မှုဖြင့် မယ့်နို့အာရွာ၊ ဖာကလောနီရွာ၊လေးဖိုးထား ဒုက္ခသည်စခန်း၊ နို့ဖိုးဒုက္ခသည်စခန်း၊ ကွီးတာ့ရွာ၊ နှင့် ပါခလာ့ရွာ အသီးသီးတို့တွင် ထမ်းဆောင်ခဲ့ပြီး၊ ယခုလက်ရှိပါဝင်နေသည့်အသင်းတော် (ကရင်-မြန်မာ မြော်လင့်ခြင်းအသင်းတော်)တွင်အသင်းလူကြီး တစ်ဦးအနေဖြင့်ဘုရား အမှုတော်တွင် တက်တက်ကြွကြွသစ္စာရှိစွာ ပါဝင်ခဲ့ပါသည်။ အမေရိက တွင်နေ ထိုင်သည့်ကာလအတွင်းရေကြည်ရာမြက်နုရာကိုရှာဖွေရင်းဖြင့်ချီခါဂို(အီလီနွဲ)၊ စိန့်ပေါလ်(မယ်နေစိုဒါ)၊ ရော့ခ်အိုင်လဲင် (အီးလီးနွဲ) နှင့် ဖော့ဝေး
(အင်ဒီယာနာ) တို့တွင်နေထိုင်ခဲ့ဖူးပါသည်။
အထူးသဖြင့်အဆုတ် နှင့် နှလုံးပြဿနာြဖင့် ဆေးရုံနှစ်ကြိမ်စလုံးစတက်သည့် အချိန်မှစပြီး ခရစ်တော်၌အိပ်ပျော် သွားသည့်အချိန်အထိ လာရောက်ကြည့်ရှု၊ အားပေး၊ ဆုတောင်းပေး၊ လူအား၊ ငွေအားဖြင့်ကူညီပေးကြသော သူများအားလုံးအပေါ်ဖြစ်စေ၊ ကျွန်ုပ်တို့ ဖခင်၏ နောက်ဆုံးဈာပန အခမ်းအနား အထိလာရောက်ကူညီ၊ အားပေးကြသူများအားလုံးကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူး ဥပကာတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ကျန်ရစ်သူမိသားစု
Name: Thoung Shwe (Poe Tu)
Date of Birth: Oct 1, 1951
Date of Death: Sep 17, 2022 at 11:15 PM
Date of Viewing and Funeral Service: Sep 26, 2022 (Mon) (10:00 to 13:00 pm)
Place: Highland Park Cemetery & Mausoleum, 2403 E Wallen Rd. Fort Wayne, IN 46825
Mr. Thoung Shwe, son of (Tun Sein) and (Annie) of Uto village, Tharyarwaddy township, younger brother of (Poe Cho), older brother of Khin Htwe, beloved husband of Nant Sa Paw, father of Hsa Mo Aye La and Lah Doh Htoo, grandfather of Ta Eh, Chris Franci La, Steven La, Lah December Paw, Aimy Grace Htoo, Klo Mya Htoo, Lemmie Astro Htoo (5 grandsons and 2 granddaughters), fell asleep in Jesus on September 17, 2022 at 11:15 PM at Parkview Hospital (Old), Fort Wayne, Indiana.
Thoung Shwe (nicknamed Poe Tu) worked as a trader, then for seven years as a medic in the Kawthoolei, and for twenty years as a lay ministry worker. As a lay ministry worker, he served under Pastor Aw Gaw at Meh Noe Ah village, Pha Kalaw Ni village, Lay Poe Hta refugee camp, Noh Poe refugee camp, Kui Tha village, Pa Kalah village. He then actively and faithfully served as an elder at Fort Wayne Karen-Burmese SDA congregation up to his death.
In July 2009, his family was resettled in the United States from Noh Poe refugee camp. While trying to find a better place for his family, he lived in Chicago (Illinois), Saint Paul (Minnesota), Rock Island (Illinois) and Fort Wayne (Indiana).
From the first and second time that he was hospitalized due to his lung and heart issues until he fell asleep in Jesus, we want to thank from the bottom of our hearts all of you who came to pay him a visit, encouraged him, prayed for him, helped financially, and further more by taking part in our father’s funeral service, supporting, and helping us in different ways. We want to take this moment to recognize your love, prayers, and contribution.
The Bereaved Family
Fond memories and expressions of sympathy may be shared at www.AdvantageHighlandPark.com for the Schwe family.
SHARE OBITUARY
v.1.8.17